Three Swallows Co.,Ltd သည် ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိမ်ရာစီမံကိန်းများ၊ လုံးချင်းအိမ်ရာများ၊ အဆင့်မြင့်တိုက်ခန်းများ ဆောက်လုပ်ခြင်း၊ လမ်းတံတားများတည်ဆောက်ခြင်းလုပ်ငန်းများအား ကျွမ်းကျင်မှုပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
ကုမ္ပဏီ၏ ဖြတ်သန်းခဲ့သော ကာလတစ်လျှောက်တွင် မိမိအကျိုးစီးပွားတစ်ခုကိုသာမကြည့်ဘဲ ဦးတည်ရာ လမ်းကြောင်းအတိုင်း ပူးပေါင်းဆောင်ရွက်မှု၊ စံနှုန်းမြင့်မားမှုတို့ဖြင့် အလျင်အမြန်ဆုံး ဆောင်ရွက်ပေးပါသည်။ ကုမ္ပဏီဝန်ထမ်းများ၏ လုပ်ငန်းအပေါ်တွင် ကျွမ်းကျင်နားလည်မှုရှိခြင်း၊ လုပ်ငန်းစဉ်တိုင်းတွင် သီအိုရီနှင့် အခြေခံအချက်အလက်များအား ပေါင်းစပ်၍သော်လည်းကောင်း၊ နောက်ဆုံးပေါ် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများဖြင့်လည်းကောင်း အသေးစိတ် လိုအပ်သောအချက်တိုင်းအား စိတ်ကျေနပ်မှုရရှိစေရန်အတွက် အလေးထားအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။